ဝန်းသို ဇန်နဝါရီ ၃
ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်အခြေ ခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်သူဗဟိုပြု ချဉ်းကပ်မှုနည်းလမ်း ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေ VDP ဖြင့် သင်တောကျေးရွာတွင်း လမ်းများအား ကျောက်ရောမြေခင်းခြင်း လုပ်ငန်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောက်ရောမြေခင်းခြင်း လုပ်ငန်းကို VDP ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်သိန်း ၁၀၀ နှင့် ပြည်သူထည့်ဝင်ငွေကျပ် ၆ သိန်းဖြင့် လမ်းအရှည်ပေ ၃၀၀၀ ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မထိ ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင် လုပ်ငန်းအားလုံး၏ ၈၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကာ ယင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက အိမ်ခြေ(၅၄)အိမ်၊ လူဦးရေ (၃၂၀)ဦးတို့အတွက် သွားလာရေး အဆင်ပြေသွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
ဝန်းသိုမြို့နယ်အတွင်း ကျေးရွာဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်ထိ ကျေးရွာပေါင်း(၁၂၀)ထိ ဆောင်ရွက် နိုင်ခဲ့ပြီး ယခု ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း(၇)ရွာ၌ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)