မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး ရပ်ရွာအေးချမ်းသာယာရေးအတွက် ဌာနဆိုင်များပူးပေါင်း အဖွဲ့မှကွင်းဆင်း ဆောင်ရွက်ပြီး‌ ဒေသခံပြည်သူများအားအခမဲ့ဆေးကုသပေး

အထက်မင်းလှ          ဇန်နဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ  ယမန်နေ့ နံနက်၈နာရီက    မင်းလှမြို့နယ်အတွင်းရှိ‌ ဈေးကြီးကျေးရွာ၊ မြို့သစ်ကျေးရွာနှင့် သပြေပင်ကျေးရွာများတွင် ကျေးရွာနေ‌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍  အသိပေးရှင်းလင်း ဆွေးနွေးပြီး ဒေသခံပြည် သူများအားအခမဲ့ဆေး ကုသပေးခဲ့‌ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးသန်းထွန်းအောင်က မင်းလှမြို့နယ် အတွင်းရပ်ရွာ အေးချမ်းသာယာရေးနှင့်တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ အပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က လာရောက်အသိပေးရှင်းလင်း ဆွေးနွေး ခြင်းဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများ အနေဖြင့်မိမိတို့၏ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ နယ်မြေလုံခြုံရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်ဆေးထိုး အကြိမ်ရေပြည့်စွာ ထိုးနှံကြရန်နှင့်ကျောင်းသား/ကျောင်းသူများ  အေးချမ်းစွာပညာသင်ကြား နိုင်ရေးဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက်  မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင်ဗိုလ်မှူးမြတ်၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန လယ်ယာ‌မြေ စီမံခန့်ခွဲ‌ရေးနှင့် စာရင်းအင်းဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့မှ ဌာနအလိုက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက်ကျေးရွာ နေပြည်များမှ သိလို သည်များကို မေးမြန်းခဲ့ကြရာတာန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။ ဆက်လက်၍မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ    ဒေသခံပြည်သူများအားဆေး ကုသပေးခဲ့ရာ   သွားနှင့်ခံတွင်း ဆေးကုသခံယူသူ ၄၁ဦးနှင့် အထွေထွေရောဂါဆေးကုသခံယူသူ ၉၉ ဦးတို့အားအခမဲ့ဆေးကုသ ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)