ရေဖြူမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ

ရေဖြူ  ဇန်နဝါရီ  ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပခဲ့သည်။

အဆိုပါ Talk Showဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်ဖြူဖြူရှိန်က Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်မျိုးထွန်းက မီးသတ်ဦးစီးဌာန၏ရည်ရွယ်ချက်၊ ရည်မှန်းချက်တာဝန်များ၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် လက်ရှိဆောင်ရွက်နေမှုအခြေအနေ၊ မီးဘေးအန္တရာယ်မဖြစ်အောင် ကြိုတင်သတိပေး ဆောင်ရွက်ချက်များတို့ကို ‌အသေးစိတ်ဆွေး‌နွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခတ္တာ