ချောင်းသာ ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် အသက် ၁၈ နှစ်နှင့်အထက် ရှိသူများကို ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီက ဘုတ်ဆုံမပညာဒါနကျောင်းဆောင်တွင် ဒုတိယအကြိမ် ရော ဂါကာ ကွယ်ဆေး ထိုးနှံရမည့်သူများကို ထိုးနှံးပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာသို့မြို့အုပ်ချုပ်ရေးမှူး ဦးသီ ဟအောင် အနီးကပ်ကြီးကြပ်မှုဖြင့် မြို့ကျန်းမာရေးမှူး ဦးထွန်းအောင်ကိုနှင့် ကျန်းမာရေးဝန် ထမ်း များ၊ မြို့အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနဝန်ထမ်းများ၊ကြက်ခြေနီတပ်ဖွဲ့များက ကာကွယ်ဆေးမ ထိုး မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်း နှင့်ကာကွယ်ဆေးထိုးမှတ်တမ်းတွင် စာရင်းရေးသွင်းစေခြင်း၊ပုံမှန်အနေအထား ရှိမှ သာကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးပြီးချိန်တွင် နာရီဝက်ခန့် စောင့်ကြည့်၍လိုအပ် သည့်ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ကို ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ချောင်းသာမြို့ပေါ်ရှိ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ် (၃)ရပ်ကွက်နှင့် ကျေးရွာမှ ဒုတိယအကြိမ်နှံရမည့်သူများအား ထိုးနှံပေးခြင်း ဖြစ်ကြောင်းချောင်းသာမြို့အုပ်ချုပ်ရေး မှူး ဦးသီဟအောင်ထံက သိရသည်။
ကျော်ကျော်