(၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ တိုင်းဒေသကြီးကိုယ်စားပြု အထိမ်းအမှတ်ယာဉ်နှင့် ဖျော်ဖြေရေးအဖွဲ့များ စေလွှတ်နိုင်ရေးအစည်းအဝေး (၂/၂၀၂၂) ပုသိမ်တွင် ကျင်းပ

ပုသိမ်  ဇန်နဝါရီ   ၇

(၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ တိုင်းဒေသကြီးကိုယ်စားပြု  အထိမ်းအမှတ်ယာဉ်နှင့် ဖျော်ဖြေရေးအဖွဲ့များ စေလွှတ်နိုင်ရေး အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၂)ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ(၁)၌ ကျင်းပရာ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက “၂၀၂၂ခုနှစ်၊ ပြည်ထောင်စုနေ့ သည်(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သဖြင့် မိမိတို့နိုင်ငံအနေဖြင့် ကဲ့သို့သော အခမ်းအနားများ ဆောင်ရွက်ခြင်းသည် ပထမဆုံးဖြစ်ပါကြောင်း၊ ပြည်ထောင်စုနေ့ကို အထွဋ် အမြတ်ထားသည့် အခမ်းအနားဖြစ်သည်အတွက် အတတ်နိုင်ဆုံး ခမ်းနားထည်ဝါစေရေး တိုင်းဒေသကြီး ဂုဏ်ဆောင်ရုံသာမက နိုင်ငံ့ဂုဏ်ဆောင်နိုင်သည်အထိ မျှော်မှန်း၍ ကြိုးစား ဆောင်ရွက်ပေးရန်လိုပါကြောင်း၊ လုပ်ငန်းများလုပ်ဆောင်ရာတွင် ကော်မတီများအနေဖြင့် အချိန်မီပြီးစီးရေးနှင့် အကောင်းဆုံးဖြစ်ရေး ညှိနှိုင်းတိုင်ပင်ဆွေးနွေး ဆောင်ရွက်ကြစေလိုကြောင်း၊ အနုပညာရှင်ကြီးများကလည်း မိမိတို့တတ်စွမ်းသည့် ပညာဖြင့် မချွင်းမချန်  တိုင်းဒေသကြီးဂုဏ်၊ နိုင်ငံ့ဂုဏ်ဆောင်ဖြစ်ရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ပူးပေါင်းဆောင်ရွက် ပေးကြပါ ” စသည်ဖြင့် ပြောကြားသည်။

(၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ တိုင်းဒေသကြီးကိုယ်စားပြု အထိမ်း အမှတ်ယာဉ်နှင့် ဖျော်ဖြေရေးအဖွဲ့များ စေလွှတ်နိုင်ရေးနှင့် ပတ်သက်သည့် ညွှန်ကြားချက်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းက ရှင်းလင်းဆွေးနွေး သည်။ ထို့နောက် တက်ရောက်လာသူများက ရှင်းလင်းဆွေးနွေးကြပြီး ဝန်ကြီးချုပ်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ကိုတွတ်(ပြန်/ဆက်)