မာန်အောင် ဇန်နဝါရီ ၇
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ် ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့မွန်းလွဲ ၁ နာရီက မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) အပါအဝင် ရောဂါပိုး ကာကွယ်ရေး အသိပညာပေးခြင်းကို ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအား ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ မိမိနေအိမ်တွင်သာ နေထိုင်ကြရန်၊ အပြင်သို့သွားတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာကြရန်၊ အရေးကြီးကိစ္စမရှိလျှင် တခြားသူများထံသို့ သွားရောက် လည်ပတ်ခြင်း မပြုကြရန်၊ အရာဝတ္တုများ ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀) ကြာဆေးကြောရန်၊ တတ်နိုင်သမျှ မိမိအိမ်မှာ နေထိုင်ကြရန်၊ လူစုလူဝေး ရှောင်ရှားကြရန်၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ကွင်းဆက်ဖြတ်တောက် နိုင်စေရေးအတွက် ကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက်ခံယူကြရန် မိမိတို့၌ ရောဂါပိုးရှိသည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှု ခံယူကြရန်၊ ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ် တောက်နိုင်ရန် မိဘပြည်သူများကလည်း ပူးပေါင်း ပါဝင်ပေးကြပါရန် မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)