Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းယုမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပြပွဲများ ပြုလုပ်
Jan 03,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့မှ ပူးပေါင်းစီစဉ်ကျင်းပပြုလုပ်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၉ နာရီက မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြ သည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကား ပြောပြိုင်ပွဲများကျင်းပ
Jan 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အ.ထ.က(၂) အခြေခံပညာအထက် တန်းကျောင်း၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ များနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝန်းသိုမြို့နယ် သင်တောကျေးရွာ၌ ရွာတွင်းလမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ၈၅ ရာခိုင်နှုန်းကျော်ပြီးစီး
Jan 03,2022
ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်အခြေ ခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်သူဗဟိုပြု ချဉ်းကပ်မှုနည်းလမ်း ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေ VDP ဖြင့် သင်တောကျေးရွာတွင်း လမ်းများအား ကျောက်ရောမြေခင်းခြင်း လုပ်ငန်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ တောင်ငူ၌ကျင်းပ
Jan 03,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့၌ အမှိုက်စွန့်ပစ်မြေနေရာအား ပြန်လည်ဖော်ဆောင်ပေး
Jan 03,2022
မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့ပေါ်ရပ်ကွက် အတွင်းရှိ ပြည်သူများ အမှိုက်ကို စနစ်တကျ စွန့်ပစ်နိုင်ရန်အတွက် ယနေ့နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက မိုင်းယန်းမြို့နှင့် ဝမ်ယန်းရွာသွားလမ်းဘေးရှိ အမှိုက်စွန့်ပစ်မြေနေရာအား ပြန်လည်ဖော်ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်၌ အရုဏ်ဆွမ်းလောင်းလှူမှုများ နေ့စဉ်မပြတ် လှူဒါန်းလျက်ရှိ
Jan 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်း အသင်း၌ အရုဏ်ဆွမ်းလောင်းလှူမှုများကို နေ့စဉ်မပြတ် လှူဒါန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 03,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်အတွင်းရှိ ပြည်သူများနှင့်ကျောင်းသား/ကျောင်းသူ အား လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိနားလည်စေပြီး အာဇာနည်ခေါင်းဆောင်ကြီး များ၏ အသက်သွေးချွေးများကို စတေးကာရယူပေးခဲ့သည့် လွတ်လပ်ရေးကို အမြတ်တနိုး တန်ဖိုးထားတတ် စေရန်နှင့် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၁)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနမှထုတ်ဝေသည့် ၂၀၂၂-ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် “(၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့” အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်အတွင်းရှိ ပြည်သူများ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား/ကျောင်းသူများအား လက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ပုံပြောပြိုင်ပွဲကျင်းပ
Jan 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် မူလတန်းအဆင့် ပုံပြောပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23254
Page
23255
Page
23256
Page
23257
Current page
23258
Page
23259
Page
23260
Page
23261
Page
23262
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department