အမြို့မြို့အနယ်နယ်သတင်းများ

Jan 04,2022
ပြည်တောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၂ ခုနှစ် ဇန်နနဝါရီလ(၄)ရက်နေ့တွင်ကျရောက်သည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ထံမှပေးပို့သည့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့သည်
Jan 04,2022
ကရင်ပြည်နယ် မြဝတီမြို့တွင် ၂၀၂၂ခုနှစ်၊ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက်လွတ် လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ယနေ့နံနက်(၄)နာရီ ၂၀ မီနစ်အချိန်၌ မြဝတီမြို့ မြစန္ဒီပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 04,2022
မွန်​ပြည်နယ်မီးသတ်ဦးစီးဌာနသည် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်၏ ကုန်ထုတ်အရင်းအနှီးများ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ရည်ရွယ်၍ ရုံးဌာနများ၊ ကုမ္ပဏီများ၊ စက်ရုံ၊အလုပ်ရုံများ၊ စျေးများနှင့် ရပ်ကွက်/ကျေးရွာများ အလိုက် မီး​ဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက် ၁၀နာရီခွဲက၊ မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနတာဝန်ရှိသူများသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ပြည်နယ်ဆိပ်ကမ်းအရာရှိချုပ်ရုံးတွင် ဝန်ထမ်းများအား မီးဘေး အန္တရာယ်အသိပညာ ပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပေးကြောင်း သိရသည်။
Jan 04,2022
ပြည်တောင်စုသမ္မတမြန်မာနိုင်ငံတော်၏၂၀၂၂ ခုနှစ် ဇန်နနဝါရီလ(၄)ရက်‌နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် မြင်းမူမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Jan 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်မှာ ကျရောက်သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို မြို့နယ် လွတ်လပ်ရေး ကျောက်တိုင်ကွင်း၌ ကျင်းပကြောင်း သိရသည်။
Jan 04,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဖားကန့်မြို့စုပေါင်းရုံးတွင် ယနေ့နံနက်ပိုင်းက ကျင်းပရာ နံနက် ၄ နာရီ ၂၀ မိနစ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား တိုင်ထိပ်သို့ လွှင့်တင်ခြင်းကို ဂုဏ်ပြုတပ်ဖွဲ့နှင့် အတူ နိုင်ငံတော်အလံအားအလေးပြုကြပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုကြသည်။
Jan 04,2022
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက် ယနေ့တွင်ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းဝင်းအတွင်း၌ ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 04,2022
၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် သဝဏ်လွှာဖတ်ပွဲနှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် (ထက်၊လယ်၊မူ) စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။