မင်းဘူးမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ

မင်းဘူး          ဇန်နဝါရီ        ၄

 

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက် ယနေ့တွင်ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းဝင်းအတွင်း၌ ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မင်းဘူးမြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အလံကို လွှင့်တင်ပေးခဲ့ပြီးနောက် တက်ရောက်လာကြသူများက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်ဆောင်ကြီးများနှင့် ရဲဘော်အပေါင်း တို့အား အလေးပြုခဲ့ကြသည်။ ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအဖြစ် နံနက် ၇ နာရီ အချိန်တွင် ဆက်လက်ကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်ထံက ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာအား မင်းဘူးခရိုင် စံမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းမှ ဖတ်ကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်မောင် (မင်းဘူး)