အမြို့မြို့အနယ်နယ်သတင်းများ

Jan 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ပြီးစီးသော ညောင်ကုန်းချောင်းဖျား-သရက်ကုန်းလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဝန်ကြီးများက ဇန်နဝါရီလ ၃ ရက် နံနက် ၇ နာရီ ၃၀ အချိန်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Jan 04,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ မီးသတ်ဦးစီးဌာနမှ မြို့နယ်အရန်မီးသတ် ဖွဲ့ဝင်များအား လေ့ကျင်းရေး(မွမ်းမံ) အမှတ်စဉ် (၁/၂၀၂၂)သင်တန်းကို ယမန်နေ့နံနက်(၉:၃၀)နာရီအချိန်က ကမ္ဘာအေးကွက်သစ်ရှိ မြို့နယ်ခန်းမတွင် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Jan 04,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ယနေ့ နံနက် ၄နာရီ မိနစ်၂၀က မြို့နယ်ရဲတပ်ဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက နိုင်ငံတော် အလံတင်အခမ်းအနားကျင်းပသည်။
Jan 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေ ပြည်သူများ ကျန်းမာရေးအသိပညာ ဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှကင်းဝေးစေရန် ရည်ရွယ်၍ အသိပညာပေးခြင်းလုပ်ငန်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အသက်နှစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ နှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရှမ်းရွာသစ်မြို့တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရှိရသည်။
Jan 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့၊ (က)ရပ်ကွက်၊ သံတံတားနဘေးရှိ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောက်တိုင်ကွင်း၌ ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင် အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့သည်။
Jan 04,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးထိုးပေးနိုင်မှု အခြေအနေမှာ ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းအချိန်ထိ ၃၀၇၄၈၇ ဦးထိုးနှံ ပေးခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
Jan 04,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားအား ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အနော်ရထာခန်းမတွင် နံနက် ၇ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Jan 04,2022
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနား ကို ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၅)ရပ်ကွက် ချမ်းမြေ့သာယာပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့ရင်ပြင်၌ ပြုလုပ်ကျင်းပသည်။