အမြို့မြို့အနယ်နယ်သတင်းများ

Jan 04,2022
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းတွင် ကျင်းပသည်။
Jan 04,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက သရက်ခရိုင် အားကစားကွင်း အတွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 04,2022
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင် တတိယနေ့ကို ဇန်နဝါရီလ ၃ ရက်နေ့ညနေပိုင်းက စစ်တွေမြို့လောကာနန္ဒာစေတီတော်ဝန်း အတွင်းရှိ သာသနာ့ ဘိမာန်တော်၌ စတင်ကျင်းပခဲ့သည်။
Jan 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ဇန်နဝါရီလ ၄ ရက် နံနက်ပိုင်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတွင် ကျင်းပသည်။
Jan 04,2022
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၌ ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီ ၂၀ မီနစ်ကကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား တက်ရောက်လာကြသူများက စုပေါင်းအလေးပြုကြသည်။
Jan 04,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့အခမ်းအနားကို ပုဗ္ဗသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီ ၂၀ မိနစ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံတင် စုပေါင်းအလေးပြု အခမ်း အနားကျင်းပခဲ့သည်။
Jan 04,2022
 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို နိုင်ငံ တစ်ဝန်းမှာ ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဇန်နဝါရီလ(၄)ရက် နံနက်ပိုင်းက လွတ်လပ်ရေးနေ့ အခမ်းအနားကို မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။
Jan 04,2022
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားအား ဇန်နဝါရီလ (၄) ရက် နံနက် (၄) နာရီ (၂၀)မိနစ် က ကိုဗစ်၁၉ရောဂါထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏အကြံပြုချက်များနှင့်အညီ ကော့သောင်းမြို့၊ မြို့မ ရဲတပ်ဖွဲ့စခန်း အလေးပြုကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံတော်အလံအား တိုင်ထိပ် သို့ လွှင့်ထူပြီး တပ်ဖွဲ့ဝင်များက အလေးပြုကြသည်။