(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ ကျင်းပြုလုပ်

မြင်းမူ  ဇန်နဝါရီ  ၄                                       

ပြည်တောင်စုသမ္မတမြန်မာနိုင်ငံတော်၏၂၀၂၂ ခုနှစ် ဇန်နနဝါရီလ(၄)ရက်‌နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက်   လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့်   နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ  ပေးပို့သည့် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် မြင်းမူမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

‌ရှေးဦးစွာ နံနက်(၄နာရီမီနစ်၂၀)အချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အလံကိုင်တပ်ဖွဲ့က ဦးဆောင်၍ မြန်မာနိုင်ငံတော်အလံတင်ခြင်း အခမ်းအနားကိုဆောင်ရွက်ခဲ့ပြီး    တက်ရောက် ကြသည့်ဧည့် ပရိတ်သတ်များက  နိုင်ငံတော်လံအားအလေးပြုခဲ့ကြသည်။  ထို့နောက်ဒုတိယ ပိုင်းအခမ်းအနား အစီအစဉ် ကိုနံနက်(၇)နာရီအချိန်တွင် ကျင်းပရာနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သည်(၇၄)နှစ်မြောက်   လွှတ်လပ် ရေးနေ့သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးရဲကိုကို ကဖတ်ကြား ပေးခဲ့ကာ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကထုတ်ဝေ သည့် (၇၄)နှစ်မြောက်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် များအား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံး ဝန်ထမ်းများကဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

အောင်စိုးဖေ (မြင်းမူ)