မြဝတီ ဇန်နဝါရီ ၄
ကရင်ပြည်နယ် မြဝတီမြို့တွင် ၂၀၂၂ခုနှစ်၊ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက်လွတ် လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ယနေ့နံနက်(၄)နာရီ ၂၀ မီနစ်အချိန်၌ မြဝတီမြို့ မြစန္ဒီပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက်(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို နံနက်(၇)နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ ရှေးဦးစွာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့ သည့် ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ် ရေးမှူးဦးစိုး တင့်က ဖတ်ကြားသည်။
ဆက်လက်၍ ၂၀၂၂ ခုနှစ်၊ (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းမိသားစု စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများ၊ အားကစား နည်းပြများနှင့် ဆရာ/ဆရာမများကို အခမ်းအနားသို့ တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ် ရေးမှူးဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူးဦး သက်လွင်၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကရင်စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဝင်များ နှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။
အဆိုပါ အခမ်းအနားကိုဗိုလ်ရှုသဘင်သီချင်း၊ တိုင်းရင်းသားအကနှင့်ကရင် ဒုံးယိမ်းအကများဖြင့် ဖျော်ဖြေပေးခဲ့ ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)