အမြို့မြို့အနယ်နယ်သတင်းများ

Jan 04,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်း၌ ယနေ့နံနက် ၄ နာရီ ၂၀ နာရီက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကျင်းပခဲ့သည်။
Jan 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်း စာစောင်များကို ဇန်နဝါရီလ ၄ရက် နံနက် ၇နာရီခွဲအချိန်က ( ၇၄ )နှစ်မြောက်လွတ်လပ်ရေးနေ့သဝဏ် လွှာဖတ် ပွဲ အခမ်းအနားတွင်ဖြန့်ဝေခဲ့သည်။
Jan 04,2022
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့ အလံတင်အခမ်းအနားကို ဥတ္တရသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီ ၂၀ မိနစ်ကကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား တက်ရောက်လာကြသူများက စုပေါင်းအလေးပြု ကြပြီး ဆက်လက်၍ နံနက် ၇ နာရီတွင် သဝဏ်လွှာဖတ်ပွဲအား ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော လွှတ်လပ်ရေးနေ့ သဝဏ်လွှာကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း က ဖတ်ကြားခဲ့သည်။
Jan 04,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မကွေးခရိုင် အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
Jan 04,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနားကို ယနေ့နံနက်က မြို့နယ်ခန်းမရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။
Jan 04,2022
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့အခမ်း အနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အလံတိုင်ကွင်း၌ ယနေ့နံနက်(၄)နာရီ (၂၀)မိနစ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံတင် စုပေါင်းအလေးပြုအခမ်းအနား ကျင်းပသည်။
Jan 04,2022
မ‌ကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံ‌တော်အလံတင် အခမ်းအနားနှင့် နိုင်ငံ‌တော်အလံအလေးပြုပွဲကို ဇန်နဝါရီလ၄ရက်နေ့ နံနက် ၄ နာရီမိနစ်၂၀ ကကျောက်တိုင် ကွင်း၌ကျင်းပပြုလုပ်ခဲ့သည်။
Jan 04,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို  ယနေ့နံနက် ၄ နာရီ မိနစ်၂၀ က မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ ကွင်းပြင်တွင် ကျင်းပခဲ့သည်။