အမြို့မြို့အနယ်နယ်သတင်းများ

Jan 04,2022
မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ဝန်ထမ်းများစွမ်းဆောင်ရည် မြှင့်တင် ရေး Menagement သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီခွဲအချိန်က အဆိုပါရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 04,2022
မိတ္ထီလာမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၇ နာရီအချိန်က မြို့မရပ်ကွက်အတွင်းရှိ လွတ်လပ်ရေးပန်းခြံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 04,2022
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အလေးပြုခြင်း အခမ်းအနားကို ယနေ့နံနက် ၄ နာရီ မိနစ်၂၀ တွင် ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပန်းခြံ လွတ်လပ်ရေး ကျောက်တိုင်ကွင်း၌ ကျင်းပပြီး သဝဏ်လွှာဖတ်ခြင်းအခမ်းအနားကို ဂန့်ဂေါမြို့ မြစ်သာခန်းမ၌ နံနက် ၇ နာရီတွင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် လွတ်လပ်ရေးနေ့သဝဏ်လွှာကို ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက ဖတ်ကြားသည်။
Jan 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် နိုင်ငံတော်အလံတင် အလေးပြုအခမ်းအနားကို ဇန်နဝါရီ(၄)ရက် နံနက် ၄နာရီ ၂၀မိနစ် အချိန်က သိန္နီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မြက်ခင်းပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 04,2022
အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ  ၃ နာရီ ညနေ ၃ နာရီက ပုလောမြို့ နယ်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။
Jan 04,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မိုးစပါးအထူးဇုံစိုက်ပျိုးသည့် တောင်သူများအား ဓာတ်မြေဩဇာများရောင်းချပေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ သည်။
Jan 04,2022
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၄)နှစ်မြှောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြသီတာပန်းခြံအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်တွင် ယနေ့နံနက် (၄)နာရီမိနစ်(၂၀)တွင်ကျင်းပခဲ့ရာမြန်မာနိုင်ငံရဲတပ်ဖွဲ့မှတာဝန် ရှိသူများက နိုင်ငံတော်အလံအား တိုင်အပြည့်လွှင့်ထူ ပေးပြီး တတ်ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြကြောင်းသိရသည်။
Jan 04,2022
မြစ်ကြီးနားခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်စာကြည့် တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် စာပေဟောပြောပွဲကို မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ဘက်စုံသုံးခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲသည်။