ဖားကန့် ဇန်နဝါရီ ၄
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဖားကန့်မြို့စုပေါင်းရုံးတွင် ယနေ့နံနက်ပိုင်းက ကျင်းပရာ နံနက် ၄ နာရီ ၂၀ မိနစ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား တိုင်ထိပ်သို့ လွှင့်တင်ခြင်းကို ဂုဏ်ပြုတပ်ဖွဲ့နှင့် အတူ နိုင်ငံတော်အလံအားအလေးပြုကြပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုကြသည်။
ဆက်လက်၍ နံနက် ၇ နာရီတွင် နိုင်တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့လာသော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်က ဖတ်ကြားသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာစာ ပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များ၊ မြို့/မိမြို့ဖများတို့ တက်ရောက်ကြသည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)