ပုသိမ်ကြီး ဇန်နဝါရီ ၄
ပြည်တောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၂ ခုနှစ် ဇန်နနဝါရီလ(၄)ရက်နေ့တွင်ကျရောက်သည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ထံမှပေးပို့သည့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နံနက် ၄ နာရီ ၂၀ မိနစ် အချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အလံကိုင်တပ်ဖွဲ့ကဦးဆောင်၍ မြန်မာနိုင်ငံတော်အလံတင်ခြင်း အခမ်းအနားကိုဆောင်ရွက်ခဲ့ပြီ တက်ရောက်လာကြသည့် မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက နိုင်ငံတော်အလံအား အလေးပြုကြသည်။
ထို့နောက်ဒုတိယပိုင်း အခမ်းအနား အစီအစဉ်ကို နံနက်(၇)နာရီအချိန်တွင်ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံမှပေးပို့သည့် (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး က ဖတ်ကြားပေးခဲ့ပြီး၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ၊ စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက အသီးသီး ဆုများပေးအပ်ချီးမြှင့်ကြသည်။ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနက ထုတ်ဝေသည့် (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ အား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဖြန်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ဇာနည်ကိုကို