အမြို့မြို့အနယ်နယ်သတင်းများ

Jan 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ လွတ်လပ်ရေးပန်းခြံတွင် ယနေ့ ဇန်နဝါရီလ (၄) ရက်နေ့၊ နံနက်(၇)နာရီ အချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
Jan 05,2022
၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝင်း၌ ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအား တိုင်ထိပ်သို့ဂုဏ်ပြုအခမ်းအနားဖြင့် လွှင့်တင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ စုပေါင်းအလေးပြုကြသည်။
Jan 05,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲကို ယမန်နေ့ နံနက် ၇ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်းအတွင်း တွင် ကျင်းပသည်။
Jan 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင် ၊အင်္ဂပူမြို့နယ်တွင်၂၀၂၂ခုနှစ်(၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့်နိုင်ငံတော်အလံအလေးပြုခြင်းကို ဇန်နဝါရီလ ၄ ရက် နံနက် ၄ နာရီ  ၂၀ မိနစ်အချိန်က ပြည်သူ့အားကစားကွင်း ရှိလွတ်လပ်ရေးကျောက်တိုင်ကွင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။ 
Jan 05,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ နံနက် (၄)နာရီ(၂၀)မိနစ်အချိန် က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် အလေးပြုပွဲ အခမ်းအနားကို မြို့မကျောက်တိုင်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင်၂၀၂၂ ခုနှစ်  (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ဇန်နဝါရီလ ၄ ရက် နံနက် ၇ နာရီ  အချိန်က လမ်းမတော်မြောက်ရပ်ကွက် အဒါးလမ်းရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။    
Jan 05,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားပွဲကို ယမန်နေ့ နံနက်(၇)နာရီက မြို့သစ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးဝန်း၌ ကျင်းပပြုလုပ်သည်။
Jan 05,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို အ.ထ.က-၁ ကျောင်းဝန်းအတွင်းတွင် ယမန်နေ့နံနက် ၇ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။