Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြင်းခြံမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Jan 05,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် (၇) နာရီအချိန်တွင် လွတ် လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကျင်းပရာ အ.ထ.က-၁ ကျောင်းဝန်းအတွင်းတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းတော်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနားကျင်းပ
Jan 05,2022
၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အင်းတော်မြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား မြန်အောင် တွင်ကျင်းပ
Jan 05,2022
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို ဇန်နဝါရီ ၄ ရက် နံနက် ၄နာရီ ၂၀မိနစ် အချိန်က မြန်အောင်မြို့ ပြည်သူ့ရင်ပြင် လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင်ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်အလံအား မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့က လွှင့်တင်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အလေးပြုခဲ့ကြသည် ။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ အထကကျောင်းတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
Jan 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ပြည်သူများ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနို်ငရေး အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 05,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်က မြန်အောင်မြို့မနေခြည်ဈေး လူစည်ကားရာနေရာများတွင်ပြည်သူများလက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကို ဂုဏ်ပြုသောအားဖြင့် အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းအားကစားပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲများကျင်းပ
Jan 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပခြင်းနှင့် ဆုချီးမြှင့်ပွဲများကို ယမန်နေ့ နံနက်(၈)နာရီက မြို့ပေါ်ရှိ အခြေခံပညာကျောင်းအသီးသီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ ပြုလုပ်ကျင်းပ
Jan 05,2022
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ ဘော်လုံးကွင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြင့်ပျော်ရွှင်ဖွယ် အားကစားပြိုင်ပွဲများကို ယနေ့နံနက်၈ နာရီခွဲအချိန်တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေ
Jan 05,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ တွင်ကျရောက်သည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် (၆)နာရီကစတင်ကာ လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရာ သီရိကွင်းအတွင်းရှိ အခမ်းအနားသို့တတ်ရောက်လာကြသော ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်း များ၊ နိုင်ငံရေးပါတီမှပုဂ္ဂိုလ်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများကို ဖြန့်ဝေခဲ့ပါသည်။ ဆက်လက်၍ စျေးရောင်းချသူများ၊ လူစည်ကားရာနေရာများရှိ ပြည်သူများထံသို့ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23227
Page
23228
Page
23229
Page
23230
Current page
23231
Page
23232
Page
23233
Page
23234
Page
23235
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department