Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပုလောမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ပျော်ရွှင်စွာ ကျင်းပ
Jan 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ အားကစားပြိုင်ပွဲ များ ကျင်းပလျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီက ပုလောမြို့ အ.ထ.က(၁) ကျောင်းတွင် အားကစားပြိုင်ပွဲများပြုလုပ် ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနား ကျင်းပ
Jan 05,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ယနေ့နံနက် ၄နာရီ၂၀မိနစ် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးရှေ့ရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့မှ နံနက်(၄)နာရီ မိနစ်၂၀တွင် မြန်မာနိုင်ငံတော်အလံကို လွှင့်တင်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးဦးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားသို့ တက်ရောက်အလေးပြုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့်သဝဏ်လွှာဖတ်ပွဲကျင်းပ
Jan 05,2022
၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်လင်မြို့ ဘက်စုံသုံးခန်းမတွင်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ
Jan 05,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားကို ကန်ကြီးရပ်ကွက် အောင်မာလာပန်းခြံ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ နံနက် (၀၄:၂၀)နာရီအချိန် က ကျင်းပခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက် အလေးပြုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ
Jan 05,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကို ယမန်နေ့ နံနက် ၇ နာရီ အချိန်က ရွှေတောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လွတ်လပ်ရေး ကျောက်တိုင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Jan 05,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို မဉ္ဇူသကခန်းမ ၌ ဇန်နဝါရီ ၃ ရက် နေ့လယ် ၂ နာရီခွဲတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မာန်အောင်မြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပ
Jan 05,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ၄ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၇နာရီခွဲ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးရှေ့၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေလှအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ် ကျိုက္ခမီ အ.ထ.ကကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြား နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်
Jan 05,2022
နိုင်ငံသားတိုင်းအတွက် အလွန်အရေးပါပြီး မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီ အ.ထ.က ကျောင်း၌ မြို့နယ် ဦးစီးအရာရှိ ဦးရဲလင်းအောင် ဦးဆောင်၍ ဝန်ထမ်းများက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးကို ယမန်နေ့ နံနက် ၉နာရီမှ မွန်းလွဲ ၃ နာရီထိ ကျိုက္ခမီ အ.ထ.ကကျောင်း၌ နေ့ချင်းပြီး ကွင်းဆင်း ဆောင်ရွက်ပေးသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23225
Page
23226
Page
23227
Page
23228
Current page
23229
Page
23230
Page
23231
Page
23232
Page
23233
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department