ရှမ်းရွာသစ် ဇန်နဝါရီ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေ ပြည်သူများ ကျန်းမာရေးအသိပညာ ဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှကင်းဝေးစေရန် ရည်ရွယ်၍ အသိပညာပေးခြင်းလုပ်ငန်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အသက်နှစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ နှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရှမ်းရွာသစ်မြို့တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နန်းစုစုအောင်က ကလေး ငယ်များ ကူးစက်ရောဂါတို့မှကာကွယ်ရန်နှင့် ကျန်းမာရေးအသိရှိစေရန်အတွက် ကျန်းမာရေးအသိပညာ ပေးခြင်း၊ ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ အသက်နှစ်နှစ်အောက်ကလေးငယ်များအား အသည်းရောင် အသားဝါ(ဘီ) ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာ ချောင်းဆိုးရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေးစေရန် အသက်ပိုင်းအခြား အလိုက် ပုံမှန်ကာကွယ်ဆေးများထိုးပေးခြင်းနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်း များကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)