ငါန်းဇွန်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် အလေးပြုပွဲ အခမ်းအနား ကျင်းပ

ငါန်းဇွန်   ဇန်နဝါရီ ၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ယနေ့ နံနက် ၄နာရီ မိနစ်၂၀က မြို့နယ်ရဲတပ်ဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက နိုင်ငံတော် အလံတင်အခမ်းအနားကျင်းပသည်။

ဆက်လက်၍ နံနက် ၇နာရီအချိန်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက မြို့နယ်ရဲတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံတော် အလံအလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုကြသည်။ ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမျိုးမင်းသိန်းက ဖတ်ကြားပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကျဘမ်းစကားပြောပြိုင်ပွဲများ တွင် ဆုရရှိသည့် ကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ ကြောင်းသိရသည်။

သက်နောင်ဦး(ငါန်းဇွန်)