သပိတ်ကျင်း ဇန်နဝါရီလ ၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ မီးသတ်ဦးစီးဌာနမှ မြို့နယ်အရန်မီးသတ် ဖွဲ့ဝင်များအား လေ့ကျင်းရေး(မွမ်းမံ) အမှတ်စဉ် (၁/၂၀၂၂)သင်တန်းကို ယမန်နေ့နံနက်(၉:၃၀)နာရီအချိန်က ကမ္ဘာအေးကွက်သစ်ရှိ မြို့နယ်ခန်းမတွင် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်မှ သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့ပြီး မီးလောင်မှုများမဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားရန် မီးလောင်မှုဖြစ်ပွား ပေါ်ပေါက် လာပါက ဆုံးရှုံးမှုတန်ဖိုး အနည်းဆုံးဖြစ်အောင် ထိထိရောက်ရောက် ငြိမ်းသတ်ဆောင်ရွက်သွားရန်နှင့် သဘာဝဘေးအန္တရာယ် အပါ အဝင်အခြား သော ဘေးအန္တရာယ်များပေါ်ပေါက်လာပါကလည်း အရေးပေါ်ရှာဖွေကယ်ဆယ်ရးလုပ်ငန်းများ ကို ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက် နိုင်စေရန် သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းဖွင့် လှစ်ရသည့် ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးနိုင်ဦးခေါင်းဆောင်သည့် သင်တန်း နည်းပြများမှ သင်တန်းသားများအား အခြေခံစစ်ရေးပြ မီးသတ်ပညာပို့ချခြင်း၊ စက်ကလေးသင်ခန်စာ၊ ပိုက် လိပ်ဖြန့်ခြင်း၊ Air Lifiting Bag သင်ပေးခြင်း၊ 3D Nozzle ဖြင့် လက်တွေ့ရေစိုလေ့ကျင့်မှုများ၊ အသက်ကယ် ကြိုးချည်နည်းများ၊ ကြိုးဆင်းနည်းများကို (၅၀)အား ၃-၁-၂၀၂၂ ရက်နေ့မှ ၂၈-၁-၂၀၂၂ ရက်နေ့အထိ စာတွေ့လက်တွေ့ သရုပ်ပြလေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးနိုင်ဝင်း (သပိတ်ကျင်း)