ညောင်ဦး ဇန်နဝါရီ ၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးထိုးပေးနိုင်မှု အခြေအနေမှာ ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းအချိန်ထိ ၃၀၇၄၈၇ ဦးထိုးနှံ ပေးခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်း တောင်းမြို့နယ်တွင် သတ်မှတ်စုရပ်(၁၂)နေရာ၊ ညောင်ဦးမြို့နယ်တွင်သတ်မှတ်စုရပ် နေရာ(၁၂)နေရာဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မှု ၈၈၅၃၀ ဦး၊ Sinopharm ဒုတိယအကြိမ် ၄၉၀၀၅ဦး၊ Sinovac ပထမအကြိမ် ၃၇၃၀ ဦး၊ Sinovac ဒုတိယအကြိမ် ထိုးပေးနိုင်မှု ၃၂၅၄ ဦး၊ စုစုပေါင်း ၁၄၄၅၁၉ ဦးထိုးနိုင်ပေးခဲ့ပြီဖြစ်ကာ ကျောက်ပန်းတောင်း မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ပထမအကြိမ်ထိုးပေးနိုင်မှု ၉၅၁၉၁ ဦး၊ ဒုတိယ အကြိမ် Sinopharm ထိုးပေးနိုင်မှု ၅၈၁၃၈ ဦး၊ Sinovac ပထမအကြိမ် ထိုးပေးနိုင်မှု ၅၂၉၄ ဦး၊ Sinovac ဒုတိယအကြိမ် ၄၃၄၅ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကာ စုစုပေါင်း ၁၆၂၉၆၈ ဦး၊ ညောင်ဦး၊ ကျောက်ပန်းတောင်းပေါင်း ၃၀၇၄၈၇ ဦးထိုးနိုင်ပေးနိုင်ပြီဖြစ်ကြောင်း ဆေးခွဲတမ်းရရှိမှု အပေါ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း၊ ဝေးလံသည့်ကျေးရွာများသို့လည်း နယ်လှည့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် လိုက်လံထိုးနှံ ပေးလျက် ရှိကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်ထံက သိရသည်။
ကိုထိန်၊KPD