လှိုင်းဘွဲ ဇန်နဝါရီ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့၊ (က)ရပ်ကွက်၊ သံတံတားနဘေးရှိ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောက်တိုင်ကွင်း၌ ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင် အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့သည်။
လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို လှိုင်းဘွဲမြို့နယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲမှူး ထွန်းသိန်း ဦးစီးသော ဂုဏ်ပြုရဲတပ်ဖွဲ့မှ အလံတင်အခမ်းအနားကို ဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံတော်အလံအား မြိုနယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ခံများ၊ မြို့မိ၊ မြို့ဖများ တက်ရောက် အလေးပြုခဲ့ကြသည်။
ထို့နောက် လှိုင်းဘွဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာအား မြို့နယ် အုပ်ချုပ်ရေး မှူး ဦးဝင်းသန်းက ဖတ်ကြားခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေး အသင်းမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
လင်းသန့်(ပြန်/ဆက်)