မိုးကောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ 

မိုးကောင်း      ဇန်နဝါရီ        ၅ 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို မဉ္ဇူသကခန်းမ ၌ ဇန်နဝါရီ ၃ ရက် နေ့လယ် ၂ နာရီခွဲတွင် ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသူများဖြစ်သည့် မချောရတနာမွှေးကြူ၊ မဖြူစင်ဝင်းခန့်၊ မနွေးနွေးပြည့်ဇော်၊ မသဲစုစုစံနှင့် အထက်တန်းဆင့် ကျောင်းသားများဖြစ်ကြသည့် မောင်မျိုးသာထက်၊ မောင်ကောင်းခန့်သူတို့က လွတ်လပ်ရေးကိုအခြေတည် ပြည်ထောင်စုဖွား သွေးချင်းများ သွေးစည်းချစ်ကြည်လက်တွဲညီကြမည် ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ပြိုင်ပွဲကို ဝတ်စားဆင်ယင်မှု၊ ခေါင်းစဉ်နှင့်ကိုက်ညီမှု၊ ကိုယ်ဟန်အမူအရာ၊ အသံနေအသံထား ကြည်လင်ပြတ်သားမှုနှင့် သတ်မှတ်အချိန်အတွင်းပြီးစီးမှုပြိုင်ပွဲဝင်စည်းကမ်းများဖြင့် အမှတ်(၁) ကျောင်းမှ တာဝန်ကျဆရာ/မများ ဆောင်ရွက်ထားကြောင်း သိရသည်။

သန်းလွင်ဦး