သံဖြူဇရပ် ဇန်နဝါရီ ၅
နိုင်ငံသားတိုင်းအတွက် အလွန်အရေးပါပြီး မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီ အ.ထ.က ကျောင်း၌ မြို့နယ် ဦးစီးအရာရှိ ဦးရဲလင်းအောင် ဦးဆောင်၍ ဝန်ထမ်းများက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးကို ယမန်နေ့ နံနက် ၉နာရီမှ မွန်းလွဲ ၃ နာရီထိ ကျိုက္ခမီ အ.ထ.ကကျောင်း၌ နေ့ချင်းပြီး ကွင်းဆင်း ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးပြီး ကျောင်းသား (၅၈)ဦး၊ ကျောင်းသူ(၇၄)ဦး ဆောင်ရွက်ပေးလျက်ရှိရာ စုစုပေါင်း(၁၃၂)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ပြီး၊ နိုင်ငံသား စိစစ်ရေးကတ်ပြား အခမဲ့ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ပေးနေမှုများနှင့် မပျောက်ပျက်အောင် ကိုင်တွယ်ထိန်းသိမ်းရမည့် နည်းလမ်းများကို အသိပညာပေး ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
အေးအေးမွန်(ပြန်/ဆက်)