(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့်သဝဏ်လွှာဖတ်ပွဲကျင်းပ

လွိုင်လင်   ဇန်နဝါရီ   ၅

၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့  နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို  ယနေ့ နံနက်ပိုင်းက လွိုင်လင်မြို့ ဘက်စုံသုံးခန်းမတွင်ကျင်းပသည်။

ရှေးဦးစွာ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့  နိုင်ငံတော်အလံတင်အခမ်းအနားကို နံနက်( ၄ နာရီ ၂၀ မိနစ်)က ကျင်းပါသည်။ ယင်းနောက် နံနက်(၇)နာရီတွင် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ  နိုင်ငံတော်အလံ အလေးပြုခြင်း၊ ကျဆုံးလေပြီးသောခေါင်းဆောင်ကြီးများနှင့် ရဲဘော် များအား အလေးပြုခြင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်ပေးပါသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန  ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်က ဖတ်ကြားပါသည်။ ဆက်လက်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့  အထိမ်းအမှတ် အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲ နှင့် စစ်တုရင်ပြိုင်ပွဲများတွင်ဆုရရှိကြသူများအား ဆုချီးမြှင့်ခြင်းအစီအစဉ်ကို ကျင်းပရာ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းထွဋ် နှင့်အဖွဲ့ဝင်များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို လွိုင်လင်ခရိုင်ရုံးမှ ဝန်ထမ်းများက ဖြန့်ဝေခဲ့ကြကြောင်းနှင့် အခမ်းအနားသို့ ဌာနဆိုင်ရာများ ဝန်ထမ်းများ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဆုရရှိကြသူများ တက်ရောက် ကြကြောင်းသိရသည်။

လွိုင်လင်မိုး