အမြို့မြို့အနယ်နယ်သတင်းများ

Jan 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့၌ ဇန်နဝါရီလ (၄) ရက်နေ့ နံနက်(၄)နာရီ မိနစ်(၂၀)အချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားကို လွတ်လပ်ရေး ကျောက်တိုင်တွင် ကျင်းပခဲ့ရာ မြန်မာ့နိုင်ငံရဲတပ်ဖွဲ့မှ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အလံအား လွင့်ထူခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက နိုင်ငံတော်အလံအားအလေးပြုခဲ့ကြသည်။
Jan 05,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးရှေ့၌ ဇန်နဝါရီလ(၄)ရက်နံနက်(၇)နာရီက (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနား သဝဏ်လွှာဖတ်ပွဲ ကို ကျင်းပခဲ့ပါသည်။
Jan 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ် အခြေခံပညာအထက်တန်း ကျောင်း၀င်းအတွင်း (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအ မှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jan 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ် ရေး နေ့ နိုင်ငံတော်အလံတင်ခြင်းနှင့် သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို ဇန်နဝါရီလ (၄)ရက်နေ့ နံနက်ပိုင်းတွင် ဖျာပုံမြို့လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ကျင်းပ ပြုလုပ်သည်။
Jan 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျေးရွာ(၄)ရွာ အကျိုးပြုမည့် ကျေးရွာချင်းဆက်လမ်းအား မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှတာဝန်ယူပြီး ဂျင်းကျောက်မြေခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
Jan 05,2022
၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်  ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ (ဗိုလ်လုပွဲ) နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ တင်းနစ်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 05,2022
ဧရာဝတီတိုင်း​ဒေသကြီး ပုသိမ်ခရိုင် ငပု​တောမြို့နယ်၌ (၇၄)နှ​စ်​ မြောက်  လွတ်လပ်​ရေး​နေ့ နိုင်ငံ​တော်အလံတင် အခမ်းအနားနှင့်  နိုင်ငံ​တော်အလံ အ​လေးပြုပွဲ အခမ်းအနားကို  ယ​မန်နေ့နံနက်ပိုင်း တွင် ငပု​တောမြို့ ​တောင်ပိုင်းရပ်ကွက် သိမ်​တော်ကြီးလမ်းရှိ လွတ်လပ်​ရေး​ကျောက်တိုင်ကွင်း၌ ကျင်းပသည်။
Jan 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ(၄)နာရီက မြို့နယ် အားကစားကွင်းတွင် ပြုလုပ်ခဲ့သည်။