ရွှေတောင်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ

ရွှေတောင် ဇန်နဝါရီ ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင်  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကို ယမန်နေ့ နံနက် ၇ နာရီ အချိန်က ရွှေတောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လွတ်လပ်ရေး ကျောက်တိုင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအား မြန်မာနိုင်ရဲတပ်ဖွဲ့မှ ဦးဆောင်၍ အလေးပြုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့လာသော လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဖတ်ကြားပေးခဲ့သည်။  

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန်ဝေပေးခဲ့သည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်တာဝန်ရှိသူ များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ မျိုးသမီးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)