ကျိုက်မရော ဇန်နဝါရီ ၅
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ယနေ့နံနက် ၄နာရီ၂၀မိနစ် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးရှေ့ရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့မှ နံနက်(၄)နာရီ မိနစ်၂၀တွင် မြန်မာနိုင်ငံတော်အလံကို လွှင့်တင်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးဦးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားသို့ တက်ရောက်အလေးပြုခဲ့ကြသည်။
ထို့နောက် နံနက်၇နာရီတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးဦး က ဖတ်ကြားခဲ့ကြောင်း သိရသည်။
ယနေ့ပြုလုပ်သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး