အမြို့မြို့အနယ်နယ်သတင်းများ

Jan 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာ‌ပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက် အတွင်း လှည့်လည်နှိုးဆော်ခဲ့သည်။
Jan 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များ အရောက် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၈)နာရီမှ ညနေ (၃)နာရီအထိ သုဝဏ္ဏ (၂၅) ရပ်ကွက်၊ ဓမ္မာရုံ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jan 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ထီလုံကျေးရွာ၌ ထုံးဖုတ်လုပ်ငန်းကို လုပ်ကိုင်နေကြသူများအနေဖြင့် ပြည်တွင်း စျေးကွက်၌ ထုံးအိတ်များတင်ပို့ရောင်းချရမှု အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
Jan 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ မျိူးရိုးဗီဇပြောင်း အိုမီခရွန်(omicron) ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် (၉)နာရီ က အသိပညာပေးနှိုးဆော်ခဲ့သည်။
Jan 07,2022
 မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး(Talk Show )ကို မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)  ခန်းမတွင် ယ‌နေ့ နံနက် (၁၁)နာရီက ကျင်းပခဲ့သည်။
Jan 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ တိုင်းရင်းသားဘာသာစကားဖြင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီခွဲက ဆောင်ရွက်ခဲ့သည်။
Jan 07,2022
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်အတွက် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ ညှိနိုင်းအစည်းအဝေးကို ဇန်နဝါရီလ (၅) ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
Jan 07,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့ အမှတ်(၄)ရပ်ကွက်ရှိ စည်ပင်သာယာရေးဌာနပိုင်၊ မြို့မဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးဌာနနှင့် လျှပ်စစ်ဌာနတို့က ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။