အမြို့မြို့အနယ်နယ်သတင်းများ

Jan 07,2022
ဒေသတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု လျှော့ချရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေး အစည်းအဝေးကို ယမန်ရက်နေ့ နံနက်(၁၀)နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Jan 07,2022
မန္တလေးခရိုင် Community Centre တွင် Book Club နှင့်စာကြည့်တိုက်အသင်းဝင်များပူးပေါင်း၍ ဒေါက်တာကျော်စိန်ရေးသားသော ယဉ်ကျေးလိမ္မာသော လူငယ်မှသည် လူကြီးလူကောင်းအဖြစ်သို့ စာအုပ်အား ဖတ်ရှုဆွေးနွေးသည့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Jan 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက “လူမှုဘဝ ပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဒေးဒရဲမြို့နယ် ကျုံဒါတ်ကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 07,2022
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍ ဇန်နဝါရီ ၆ရက် မွန်းလွှဲပိုင်းအချိန်က တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံးရှေ့တွင် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီ အခြေခံမူ(၇)ချက်ပါ bill board ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
Jan 07,2022
ကရင်ပြည်နယ်၊ ဘားအံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ပြေ စေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ် (၂၄.၆၂၀၀) သန်းဖြင့် ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်၊ ကြာအင်းတောင်တက်လမ်းတွင် (အပိုင်း-၃) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Jan 07,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများ စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို ရိုက်ကူးတင်ဆက် ဆောင်ရွက်ပေး လျက်ရှိသည်။
Jan 07,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆည်ရေသောက်စနစ်ဖြင့် နွေသီးနှံမျိုးစုံ (၃၇၅၀၀)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။
Jan 07,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ကျိုက်ထိုမြို့နယ် ရုံးဝန်ထမ်းများက ယမန်နေ့ မွန်းလွဲပိုင်း က မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်နှိုးဆော်ခဲ့ကြသည်။