အမြို့မြို့အနယ်နယ်သတင်းများ

Jan 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ မြို့နယ်အတွင်းကုန်စည်များ မြန်မာဘာသာဖြင့် ကုန်အညွန်းအမှတ်အသား ဖော်ပြထားခြင်းရှိ၊ မရှိကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အတွင်းရှိ မုန့်မျိုးစုံနှင့် ကုန်ခြောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
Jan 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ သည် ယမန်နေ့နံနက် ၁၀ နာရီက ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 07,2022
နိုင်ငံတော်အစိုးရသည် ပြည်သူလူထုများ အ​ခြေခံစား​သောက်ကုန်များကို အလွယ်တကူ စျေးနှုန်း သက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက်လည်း လုပ်ဆောင်ပေးလျက်ရှိရာ ယ​နေ့နံနက် (၇:၃၀)နာရီ အချိန်တွင် လသာမြို့နယ်အတွင်း Mobile ကားဖြင့် အခြေခံစားသောက်ကုန် ပစ္စည်းများကို လှည့်လည် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Jan 07,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား စာပေဗဟုသုတများ တိုးပွားလာစေရေး ကိုယ်တိုင်တွေးခေါ်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအမြင်များနှင့် ဝေဖန်ခွဲခြားဆုံးဖြတ်  တတ်လာစေရေး စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာတတ်သော အလေ့အကျင့်ကောင်းများရရှိလာစေရေးအတွက် ရည်ရွယ်ပြီး ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းသွားရောက်ကာ မိုဘိုင်းစနစ်ဖြင့် အိမ်တိုင် ရာရောက် သုတ၊ ရသ စာအုပ်စာစောင်များအား စနစ်တကျ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
Jan 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ပြည်တက္ကသိုလ်အား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယမန်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်းနှင့် ကျောင်းအပ်နှံခြင်းများလက်ခံ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Jan 07,2022
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယမန်နေ့နံနက် (၉:၀၀) နာရီ အချိန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်(Sinovac) ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း(၄၄) ဦးကို ၎င်းဒုတိယအကြိမ် ကာကွယ်ဆေး(Sinopharm)ထိုးနှံ သူစုစုပေါင်း (၅၁၆)ဦးကို ၎င်းအသီးသီးထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
Jan 07,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ ပူပြင်းခြောက်သွေ့သောပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့်ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေး နိုင်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက ညောင်ပင်ဈေးရပ်ကွက်သို့ သွားရောက်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
Jan 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ် ဦးစီးဌာနတို့က ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ ကရင်/မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်နှိုးဆော်ပေးလျက် ရှိသည်။