တပ်ကုန်း ဇန်နဝါရီ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကြောင်းသိကောင်းစရာများ (Talk Show) အစီအစဉ်ဆွေးနွေးခြင်းကို ဇန်နဝါရီ ၇ ရက်နံနက် ၉နာရီခွဲက ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ(Community Centre) ခန်းမတွင် ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင့် တင့်ခိုင် ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဆက်နိုင်ထွန်းတို့က မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ မြစိမ်းရောင်စီမံကိန်းနည်းလမ်းများ၊ မြစိမ်းရောင်စီမံကိန်းအကောင်အထည်ဖော်ခြင်းအားဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ မြစိမ်း ရောင်ကျေးရွာစီမံကိန်းရွေးချယ်မှု အချက်အလက်များအကြောင်းကို ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် Onlineမှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ မြစိမ်းရောင်ကျေးရွာစီမံကိန်းအကြောင်း သိကောင်းစရာများ (Talk Show)အပြည့်အစုံကို တပ်ကုန်းမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်ဆက်)