ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးရန်ကျန်ရှိသူများနှင့် ၁၈ နှစ်အထက် ပထမအကြိမ် ထိုးရန်ကျန်သူများအား ဆက်လက်ထိုးနှံ

ပန်းတောင်း ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများနှင့် ၁၈ နှစ် အထက် ပထမအကြိမ်ထိုးရန် ကျန်သူများအား ဆက်လက်ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်(၆)နေရာတွင် ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပန်းတောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

 အဆိုပါ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများနှင့် ကို ၁၈ နှစ်အထက် ပထမအကြိမ်ထိုးရန် ကျန်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်(၆)နေရာဖြစ်သည့် ကြခတ်(ဆုတောင်းပြည့်) ရွှေပင်ရပ်ကွက်(နာဂမုနိ)၊ လဲအုပ်စု(စာသင်ကျောင်း)၊ ဖရုံကားအုပ်စု(ဘုန်းကြီးကျောင်း)၊ ညောင်ကျိုး ကျေးရွာ၊ ညောင်ခြေထောက် ကျေးရွာတို့တွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများက စနစ်တကျ ထိုးနှံဆောင်ရွက်ပေးနေကြောင်းသိရကာ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ စိတ်အေးချမ်းစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်း (Volunteer)အဖွဲ့ ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ယနေ့ဆေးထိုးစုရပ်(၆) နေရာတွင် ဒုတိယအကြိမ် ထိုးရန်ကျန်ရှိသူများနှင့် ပထမအကြိမ်ထိုးမည့်သူများကို ကာကွယ်ဆေး လာရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါအန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပျံ့ပွားမှု လျော့နည်း ပပျောက်စေရေးအတွက်  ကာကွယ်ဆေးမထိုးနှံရသေး သူများအား ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေးစနစ်တကျ ထိုးနှံပေးလျက်ရှိပြီး သက်ဆိုင်ရာဆေးထိုးစုရပ်များတွင် ဒေသခံပြည်သူများက  စိတ်အားထက်သန်စွာ ကာကွယ် ဆေးများ လာရောက်ထိုးနှံကြကြောင်း၊ ထိုးနှံပေးရန် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

သင်းသင်းအေး (ပြန်/ဆက်)