ညောင်လေးပင် ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ အဆင့်လိုက် တတ်မြောက်မှုများအား မူလတန်းအောက်အဆင့် Grade-1 (သင်ရိုးသစ်)မှ Grade-11 (သင်ရိုးဟောင်း) အထိ (ပထမ)နှစ်ဝက်ကို ဇန်နဝါရီလ (၅ ရက်မှ ၇ ရက်) နေ့အထိ တစ်နေ့လျှင် (၂) ဘာသာနှုန်းဖြင့် စာသင်ချိန်တစ်ချိန် (၄၅)မိနစ်စီဖြင့် သက်ဆိုင်ရာကျောင်းများ အလိုက် ဖြေဆိုစစ်ဆေးလျက်ရှိရာ ယနေ့ (နောက်ဆုံးနေ့)တွင် အေးချမ်းစွာ ဆက်လက်ဖြေဆို လျက်ရှိကြောင်း သိရသည်။
ညောင်လေးပင် မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၇၇)ကျောင်းနှင့် ဖွင့်လှစ်လျက်ရှိပြီး၊ အခြေခံပညာကျောင်းများတွင် ကျောင်းသူ/သား (၁၁၃၇၀)ဦးနှင့် ဘ/က ဘုန်းတော်ကြီး သင်ကျောင်းများတွင် ကျောင်းသူ/သား (၆၃၉)ဦး၊ စုစုပေါင်း ကျောင်းသူ/သား (၁၂၀၀၉)ဦး တက်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ စာမေးပွဲများကို သက်ဆိုင်ရာ ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများက ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)