အမ်းမြို့နယ်၌ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

အမ်း  ဇန်နဝါရီ ၇

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် မီးလောင်မှု၊ မီးလန့်မှုများနှင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မြို့ပေါ် ရပ်ကွက်များသို့ လှည့်လည်၍ ယနေ့နံနက် နာရီအချိန်က အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပွင့်လင်းရာသီရောက်ရှိလာသည်ဖြစ်သဖြင့် မြို့ပေါ်ရပ်ကွက်များ တွင် နေထိုင်ကြသည့် မိဘပြည်သူများ၊ လုပ်ငန်းရှင်များ၊ မြို့နယ်ဌာနဆိုင်ရာရုံးများအနေဖြင့် မီးဘေးလုံခြုံရေး အတွက် မိမိနေအိမ်၊ပတ်ဝန်းကျင်တွင် ချက်ပြုတ်သုံးစွဲသည့် လျှပ်စစ်မီး၊ မီးဖိုများမှ မီးလန့်မှုများ၊ မီးလောင်မှုများ မဖြစ်ပွားမပေါ်ပေါက်အောင် မီးကိုအထူးသတိပြု၍ ချက်ပြုတ်သုံးစွဲကြရန်၊ မော်တော် ယာဉ်များ၊ စက်သုံးဆီဆိုင်များ၊ တည်းခိုရိပ်သာများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပုဂ္ဂလိကရုံးများ၌ မီးဘေးကြိုတင် ကာကွယ်နိုင်ရန်အတွက် ထားရှိအပ်သော ရှေ့ဦးမီးငြိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဗူးများအား အသင့်တပ်ဆင် ထားရှိကြရန်နှင့် မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ် ဦးစီးဌာနသို့ အမြန်ဆုံး ဆက်သွယ် အကြောင်းကြားကြရန် ပြည်သူများသိရှိလိုက်နာရမည့် စည်းကမ်းချက်များကို မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း