ဒေးဒရဲ ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ရှိ အခြေခံပညာ ကျောင်းများတွင် ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းကစတင်ပြီး စစ်ဆေးခဲ့ရာ ယနေ့တွင် ပထမနှစ်ဝက် စာမေးပွဲ အေးချမ်းစွာ ဖြေဆိုပြီးစီးကြောင်း သိရသည်။
အဆိုပါ ပထမနှစ်ဝက် စစ်ဆေးခြင်းကို ဇန်နဝါရီ ၅ ရက်မှ ၇ ရက်အထိ တစ်ရက်လျှင် ဘာသာရပ်နှစ်ခုဖြင့် စစ်ဆေးခြင်းဖြစ်ပြီး မူလတန်းအဆင့် စနစ်သစ် G(1), G(2), G(3) ကျောင်းသား ကျောင်းသူများကိုမူ အတန်းတွင်း စစ်ဆေးအကဲဖြတ်ခြင်းနှင့် ဒေးဒရဲမြို့ အခြေခံပညာ ကျောင်းများတွင် ပြုလုပ်သော ပထမနှစ်ဝက် စာမေးပွဲစစ်ဆေးခြင်းသို့ မူလတန်းအဆင့်(၁၁၄)ကျောင်း၊ အလယ်တန်းဆင့် သင်ကျောင်း(၅၉)ကျောင်း ၊အထက်တန်းဆင့် သင်ကျောင်(၄၆)ကျောင်း ဘုန်းတော်ကြီးသင် စာသင်ကျောင်း(၂)ကျောင်း၊ စုစုပေါင်း(၂၂၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ အေးချမ်း ပျော်ရွင်စွာ ဖြေဆိုပြီးစီးကြောင်း သိရသည်။
အေဇာလင်း