အမြို့မြို့အနယ်နယ်သတင်းများ

Jan 10,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် ဒေသခံပြည်သူများအား အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ရွှေကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Jan 10,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း မရှိသေးသည့်ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှပန်းခင်း စီမံချက်ဖြင့်အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသည့် အသက်(၁၀)နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်များနေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Jan 10,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ ရာဘာစိုက်ပျိုးသူ တောင်သူများသည် ရာဘာပင်များ အရွက်ကြွေချိန်၊ ရွက်နုလဲချိန် ဖြစ်၍ မြေအစိုဓါတ်နည်းလာပြီး ရာဘာစေး ထွက်ရှိမှု နည်းလာသော်လည်း ဈေးနှုန်းအနည်းငယ် မြင့်တက်လာသောကြောင့် အဆင်ပြေကြောင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများထံမှ သိရသည်။
Jan 10,2022
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်​ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခု(၆)လဘဏ္ဍာရေးနှစ်ဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများနှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အခြေခံစက်ချုပ်သင်တန်းကို ရေငံကြီး ကျေးရွာတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Jan 10,2022
" လူမှုဘ၀ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မွန်ပြည်နယ် ရေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူးရုံးသည် ယမန်နေ့နံနက် ၁၀ နာရီက ဒူးယားကျေးရွာ အထကကျောင်း သုဝဏ္ဏဘူမိအဆောင်၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
Jan 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်း ချုပ်ကုသရေးနှင့်အရေး‌ပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်များအရ ယနေ့နေ့လည် (၁၀)နာရီ ခွဲအချိန်မှ စ၍ကိုဗစ် -၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့်  ပြည်သူများအနေဖြင့် ကိုဗစ် - ၁၉  မျိုးကွဲသစ်  အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ခြင်း လုပ်ငန်းကို အသံချဲ့ စက်ဖြင့်အသိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
Jan 10,2022
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့တွေ့ရှိမှုနှုန်း မရှိစေရန်နှင့် မျိုးရိုးဗီဇ ပြောင်း အိုမီခရွန်ဗိုင်းရပ်ပိုး သတိပြုကာကွယ်ရေးနှင့် ကူးစက် မှုမရှိစေရန် ကြိုတင်ကာကွယ်ရေးတို့ကို ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား ပြည်သူများလိုက်နာရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေး စဉ်ဆက်မပြတ် အသိပညာပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပျဉ်တပ် ရှမ်းစုရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ပျဉ်တပ်ရှမ်းစုရပ်ကွက်ကြီးအတွင်း လှည့်လည် အသိပေး နှိုးဆော်ကြောင်း သိရသည်။
Jan 10,2022
မော်လမြိုင်ခရိုင်၊ ခေါဇာမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါကြိုတင် ကာကွယ်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ၌ မွန်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်သည်။