ရေးမြို့နယ် ဒူးယားကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်

ရေး  ဇန်နဝါရီ  ၁၀

" လူမှုဘ၀ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မွန်ပြည်နယ် ရေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူးရုံးသည် ယမန်နေ့နံနက် ၁၀ နာရီက ဒူးယားကျေးရွာ အထကကျောင်း သုဝဏ္ဏဘူမိအဆောင်၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးအရာရှိ ဦးဌေးဝင်းက ပန်းခင်းစီမံချက်၏ ရည်ရွယ်ချက်များကို ချပြရှင်းလင်းခြင်း၊ ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို ကာကွယ်ထိန်းသိမ်းရမည့် နည်းလမ်းများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး နိုင် (က) ၂၀ဦး၊ နိုင် (က) ၄၃ဦး စုစုပေါင်း ပြည်သူ ၆၃ ဦးတို့အား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

ခင်သိမ့်သိမ့်ရည်(ပြန်/ဆက်)