အမြို့မြို့အနယ်နယ်သတင်းများ

Jan 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း ဒေသနေပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အထိကထား လုပ်ကိုင်ဆောင်ရွက်လျက် ရှိပြီး မိုးသီးနှံ ဖြစ်သော ပြောင်းစိုက်ခင်းများရိတ်သိမ်းပြီးချိန်တွင် သီးထပ်အဖြစ် ဆောင်းသီးနှံ ပန်းနှမ်းပင်များကို ဆက်လက်စိုက်ပျိုးထားရှိရာ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Jan 10,2022
ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေးအတွက် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက် ၁၀ နာရီက တိုးချဲ့ရပ်ကွက်တွင် (ဗီဇပြောင်း) အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
Jan 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၁)နာရီအချိန်၌ မြို့နယ်အတွင်းရှိ တစ်ကြိမ်တစ်ခါမှ မရရှိသေးသော မသန်စွမ်းသူ (၂၈၄)ဦးအား ထောက်ပံ့ကြေးငွေများ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။
Jan 10,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်ကာ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၁၈) နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ဒုတိယအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 10,2022
တနင်္သာရီတိုင်းဒေသကြီး၊   ဘုတ်ပြင်းမြို့နယ်၊    ကရသူရိမြို့တွင်   ကိုဗစ်-၁၉  မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ရေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀နာရီက ရပ်ကွက် အတွင်း လှည့်လည်နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။