မြို့သစ် ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း မရှိသေးသည့်ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှပန်းခင်း စီမံချက်ဖြင့်အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသည့် အသက်(၁၀)နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်များနေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးရာလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဦးစီးအရာရှိ ဦးတင်စိုးနှင့်ဝန်ထမ်းများကအမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း မှကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၈၃)ဦးအားနိုင်ငံသားစိစစ်ရေးကတ်များနေ့ချင်းပြီးအခမဲ့ဆောင်ရွက်ပေးခဲ့သည်။
မြို့သစ်မြို့နယ်တွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရှိသူများနှင့် အိမ်ထောင်စုစာရင်းမရှိသူများအား ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး မှူးများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)