ဘုတ်ပြင်းမြို့နယ်တွင် အခြေခံ စက်ချုပ်သင်တန်းဖွင့်လှစ်

ဘုတ်ပြင်း     ဇန်နဝါရီ      ၁၀  


တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်​ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခု(၆)လဘဏ္ဍာရေးနှစ်ဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများနှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အခြေခံစက်ချုပ်သင်တန်းကို ရေငံကြီး ကျေးရွာတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အခြေခံစက်ချုပ် သင်တန်းကို ဇန်နဝါရီ (၁)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလကို (၂)လအကြာ ပို့ချပေးသွားမည်ဖြစ်ပြီး အခြေခံစက်ချုပ်သင်တန်းတွင် သင်တန်းနည်းပြဆရာ(၁)ဦးက ပို့ချ ပေးလျက်ရှိပြီး၊ သင်တန်းသူ(၁၂)ဦး တက်ရောက်လျက်ရှိရာ သင်တန်းသူများအတွက် သင်ထောက်ကူပစ္စည်းများကို အခမဲ့ထုတ်‌ပေးခဲ့ကြောင်း ဘုတ်ပြင်းမြို့ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးမှ သိရသည်။

ဖြူဖြူသိန်း(ပြန်/ဆက်)