အမြို့မြို့အနယ်နယ်သတင်းများ

Jan 10,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ဒါန်းဒေါင့်ကျေးရွာအုပ်စု စာသင်ကျောင်းဝန်းတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Jan 10,2022
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား ပဉ္စမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 
Jan 10,2022
ပွင့်လင်းရာသီရောက်ရှိလာသည်နှင့် အညီ အဆောက်အဦများမီးလောင်ကျွမ်းမှုမရှိ စေရေး အတွက် မီးငြိမ်းသတ်ခြင်း လက်တွေ့ပြသခြင်းကို ဇန်နဝါရီလ(၉) ရက်နေ့ ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့မဈေးတွင်ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
Jan 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်ပြပွဲ ပြသခြင်းကို ယနေ့ နံနက် (၁၀)နာရီက ပြုလုပ်ခဲ့သည်။
Jan 10,2022
မိတ္ထီလာဒေသသို့ ဆောင်းရာသီကာလရောက်တိုင်း နှစ်စဉ်လာရောက်လေ့ရှိသော ဆောင်းခိုငှက်များသည် မိတ္ထီလာ မြောက်ကန်ပတ်ဝန်းကျင်တွင် ရောက်ရှိကျက်စားလျက်ရှိကြောင်း သိရသည်။
Jan 10,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က အထက (၂)ကျောင်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 10,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက် (၈) နာရီက မြို့မတောင်ရပ်ကွက် တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော  အသိအမြင် ဗဟုသုတများကို    အသုံးချတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်(၁၀)နာရီခွဲက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။