Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အမာမြို့၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ
Jan 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ် စာစောင်ပြသခြင်းကို ယနေ့ နံနက် (၁၁)နာရီက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ မိုင်းဆတ်ခရိုင်ဥပဒေရုံးသစ် တက်ရောက်ဖွင့်လှစ်ပေး
Jan 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်တွင် ဥပဒေရုံးသစ်ဖွင့်ပွဲကို ဇန်နဝါရီ(၈)ရက်နံနက်(၈)နာရီခွဲက မိုင်းဆတ် မြို့တွင် ကျင်းပသည်။ ဥပဒေရုံးသစ် အဆောက်အဦကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ ပြည်နယ်သယံဇတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ် ဥပဒေချုပ် ဦးစိုင်းကျော်ဇံတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရုံးသစ်ဆိုင်းဘုတ်အား အမွှေးနံသာ ရည်ပတ်ဖြန်းပေး ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့နယ်တွင် ထောက်ပံ့ကြေးမရရှိဖူးသော မသန်စွမ်းသူများထံသို့ ထောက်ပံ့ကြေးပေးအပ်
Jan 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ ထောက်ပံ့ကြေးမရရှိဖူးသော မသန်စွမ်းဦးရေ(၆၀)ဦးအားတစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ကြေးပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့တွင် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြသ
Jan 10,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင်းနံရံကပ်ပြဘုတ်တွင် ပြည်သူများအနေဖြင့် အလွယ်တကူ ဖတ်ရှုနိုင်ပြီး အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင် ရွက်ထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ ကျေးရွာ(၄)ရွာချင်းဆက်လမ်းပေါ်တွင် (၅’×၅’×၂၆’) Box Culvert (၄)ခု တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်
Jan 10,2022
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ မဲသပုံ-ကွီးကျယ်-ထီးပရီး-မဲပရခီး ကျေးရွာ(၄)ရွာချင်းဆက် လမ်းပေါ်တွင် Box Culvert (၄)ခု တည်ဆောက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် (၉၀) ရာခိုင်နှုန်းခန့်ထိ ပြီးစီးနေပြီး ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီ ရောင်းချသူများအား အသိပညာပေး ဟောပြော
Jan 10,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီရောင်းချနေသည့် ဆိုင်ပိုင်ရှင်များအား ယနေ့ နံနက် ၁၀ နာရီ အချိန် မြို့နယ်မီးသတ် ဦးစီးမှူးရုံးတွင် မီးဘေးအသိပညာပေး ဟောပြောခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများစဉ်ဆက်မပြတ် ဆောင်ရွက်
Jan 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များအနှံ့ လိုက်လံနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းများ ဆောင်ရွက်
Jan 10,2022
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး ဆိုင်ရာအချက်များကို အများပြည်သူမျာ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အသံချဲစက်ဖြင့် အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23113
Page
23114
Page
23115
Page
23116
Current page
23117
Page
23118
Page
23119
Page
23120
Page
23121
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department