အမြို့မြို့အနယ်နယ်သတင်းများ

Jan 10,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ မိုင်းမောကျေးရွာအုပ်စု၊ အောင်ချမ်းသာ ကျေးရွာတွင် တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ၌ သွင်းအားစုသက်သာစေရန်နှင့် မြေဆီမြေဩဇာ ကောင်းမွန်စေရေးနှင့် ဓာတုဓာတ်ကြွင်းကင်းစေရန်အတွက် တောင်သူဦးရဲနိုင်ဝင်း၏ စိုက်ခင်း၌ ယနေ့ နံနက် (၁၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝမြေဩဇာပြုလုပ်နည်း လက်တွေ့ပြသပေးခဲ့ ကြောင်းသိရသည်။
Jan 10,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ကန်ရေကျေးရွာမှ တောင်သူများ ကြက်သွန်များ စိုက်ပျိုး ထားကြသော်လည်း ပေါ်သည့်အချိန်တွင် ဈေးကောင်းရရန် မျှော်လင့် လျက်ရှိကြသည်။
Jan 10,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ “အိုမီခရွန်” ရောဂါ ကူးစက်ပြန့် ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှု လုပ်ငန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက အရှိန်အဟုန်မပြတ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။  
Jan 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ မြို့မစည်ပင်သာယာဈေးတွင် ယမန်နေ့ နံနက် ၁ နာရီက မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ကြောင်း သိရသည်။
Jan 10,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ဟောင်သရောခန်းမ၌ ယမန်နေ့က မြို့အုပ်ချုပ်ရေး မှူး ဦးမင်းဇော်၊ တိုက်နယ်ဆရာဝန်ဒေါက်တာမန်းမင်းနိုင်ဦး နှင့် ကျန်းမာရေးဝန်ထမ်းများမှ ကျိုက်ဒုံ မြို့ပေါ်နှင့် ကျေးရွာများတွင် နေထိုင်သည့် အသက် ၁၈ နှစ်နှင့်အထက်ပြည့်ပြီး ပြည်သူ(၂၃၁)ဦး အား  သတ္တမအသုတ်၊ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရ သည်။
Jan 10,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊ မင်းလှမြို့နယ်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ ၆ လတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေရန်ပုံငွေစာ ရင်း(GRF)မှ မင်းလှမြို့နယ်တွင် သောက်သုံးရေဖူလုံ မှုရရှိစေရန် မြင်ကျ‌‌တောင်‌ရေပေးရေးစီမံကိန်းအား ခွင့်ပြုချထားပေးလျက် ရှိရာ ရေပိုက် လိုင်းသွယ် တန်းခြင်းနှင့်ရေစုကန်ပြုလုပ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ‌ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာ ယာရေး အဖွဲ့မှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Jan 10,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ဒေသခံပြည် သူများအား လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့်ပြည်သူများအား နိုင်ငံသား ကတ်ရရှိနိုင်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့က ဂွေးတောက်စမ်းကျေးရွာအုပ်စု၊ ဂွေးတောက်စမ်း ကျေးရွာတွင် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။