မြို့သစ်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် မြန်မာစကားပုံမိတ်ဆက် ကဏ္ဍ(အမှတ်စဉ်-၄) တင်ဆက်

မြို့သစ် ဇန်နဝါရီ  ၁၁

မကွေးတိုင်းဒေသကြီး၊    မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ မြန်မာစကားပုံများ၏ ဆိုလိုရင်းအဓိပ္ပာယ်ကို နားလည်သိရှိစေရန်၊ အတုယူပြောဆိုတတ်စေရန် ရည်ရွယ်၍   မြန်မာစကားပုံမိတ်ဆက် ကဏ္ဍကို Online မှ တစ်ဆင့် တင်ဆက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက  မြို့နယ် ပြည်သူ့ စာကြည့်တိုက် လူထုအခြေ ပြုဗဟိုဌာနတွင် မြန်မာစကားပုံမိတ်ဆက် ကဏ္ဍ(အမှတ်စဉ်-) တင်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါ   မြန်မာစကားပုံမိတ်ဆက် ကဏ္ဍတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းအိဇွန်မှ  စာရေးဆရာ ဆရာထိန်လင်း ( BE.Mechanical ) ရေးသား ပြုစုသည့် မြန်မာစကားပုံ ၁၀၀ ထဲမှ  မြန်မာစကားပုံများဖြစ်သည့်ကိုယ့်ကိုယ်ဖော်၊  မသူတော်ခုနစ်ပါး၊  “ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး၊   “ ကိုယ့်ပေါင် ကိုယ်လှန်ထောင်း  “ကိုယ်ထင်လျှင် ခုတင်ရွှေနန်းကိုယ့်ရှုး ကိုယ့်ပတ်စသည့် မြန်မာစကားပုံများကို မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)