ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ကျိုင်းတုံ ဇန်နဝါရီ  ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ ဒေသခံပြည်သူများအား ယမန်နေ့က  မြို့နယ်အတွင်း သတ်မှတ်ဆေးထိုးစုရပ် နေရာအသီးအသီး တွင် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင် ကြီးကြပ်၍ ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်သား ဆေးအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန် ရှိသူများက မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ အသက် ၁၈ နှစ်ပြည့်ပြီးသူများနှင့် အကြောင်း အမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် မထိုးနှံရသေးသူ ဒေသခံ ပြည်သူ ၁၉၈ ဦးအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covid Shield) ထိုးနှံပေးပြီး ဒုတိယအကြိမ်ထိုးနှံရန် သတ်မှတ်ရက်ပြည့်သူ ၁၅၆၅ ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) စနစ်တကျ ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်တွင် ဇန်နဝါရီ ၁၀ ရက်နေထိ Covid Shield၊ Sinopharm၊ Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသူ အသက် ၁၈ နှစ်အထက် ၆၂၈၃၂ ဦး၊ အသက် ၁၂ အထက် ကျောင်းသား၊ ကျောင်းသူ ၃၈၃၄ ဦး တို့အား ထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများအား ဆက်လက် ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)