တွံတေး ဇန်ဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ကံသာယာလမ်းမကြီးနှင့် လမ်းသွယ်များအတွင်း ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းအိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက် ရှိရာ ယမန်နေနံနက် ၁၁ နာရီအချိန်က လှည့်လည်အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့အသိပညာပေး နှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု မခံရစေရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအား တိတိကျကျ ပြည်သူများလိုက်နာကြရန်နှင့် ဧည့်သည်များ လက်ခံခြင်း မပြုကြ ရန်၊ နေအိမ်ပြင်ပသို့ထွက်လျှင် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းကို ပြည်သူများ အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်နှင့် အိုမီခရွန် (Omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးရိုး ဗီဇပြောင်းရောဂါ ကာကွယ်ရေးနည်းလမ်းများကို ပြည်သူများ အားလုံး ဆက်လက်လိုက်နာ ဆောင်ရွက်ကြရန် နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
တွံတေးသား